Saturday 3 September 2011

မင်းအတွက် ၂


ချစ်သူ…..

ကိုယ့်ရင်ထဲကို…မင်း

ခဏလေးဝင်ကြည့်လှည့်ပါ…

မင်းအချစ်ထက်လျော့ကျတဲ့

ချစ်ခြင်းကို မင်းတွေ့ခဲ့ရင်

အဲဒီနေရာမှာပဲ ကိုယ့်နှလုံးသားကို

မင်း..အဆုံးစီရင်လိုက်ပါ….ချစ်သူ..

အဲဒီအတွက် ကိုယ့်နှလုံးသားကို

ယစ်စင်တင်..စတေးဖို့   အသင့်ပါပဲ….

အလွမ်းသင့်ခံခဲ့ရတဲ့….

အတိတ်ရက်စွဲတွေကတော့…ပြုံးနေမှာပါ….။



3 comments:

  1. အချစ်ကိုပြိုင်ဖို့ ဘာပေတံတွေနဲ့တိုင်းမှာလဲ.. မှန်ကန်တဲ့အဖြေရဖို့ ယူနစ်ချင်းတော့တူမှဖြစ်မယ်နော်.. ချစ်ခြင်းရဲ့ယူနစ်က နားလည်မှုဆိုတာကို လက်ခံလားကိုသားကြီး..း)

    ReplyDelete
  2. ကျွန်တော်ကတော့ ချစ်ခြင်းရဲ့ ပြိုင်ဆိုင်မှုဟာပေးဆပ် အနစ်နာ ခံခြင်းဆိုတဲ့ unit တခုနဲ့ ပဲ တိုင်းတာချင်တယ်။ နားလည်မှုဆိုတာကတော့ အိမ်ထောင်တခုအတွက် အဓိက အရေးပါတဲ့ unit လို့ ပဲယူဆတယ်။။။

    ReplyDelete
  3. အဲ့လိုလဲ ပြောလို့ရပါတယ်..း)
    စကားမစပ်.. ကျွန်တော့်မှာ ကဗျာတွေချည်းတင်တဲ့ ဘလော့ရှိသေးတယ်.. http://myuemyue.blogspot.com/ လေ..း)

    ReplyDelete