ကောင်မလေး….
မင်းဟာကိုယ့်အတွက်…
လရိပ်တစ်ခုလိုအေးမြခြင်းတွေ
သယ်ဆောင်ပေးမလာနိုင်ခဲ့ပေမဲ့
ကိုယ့်အပေါ်မှာထာဝရစိုးမိုးနိုင်ခဲ့တယ်…
ပန်းပွင့်လေးရဲ့ ရင်ခုန်သံဟာ
ပျားပုတုန်းလေးဖြစ်မယ်ဆိုရင်…
ကိုယ့်ရဲ့ ရင်ခုန်သံဟာ
ကောင်မလေးပဲဖြစ်လိမ့်မယ်။
ညင်သာတိုးဝှေ့နေတဲ့
နုညံ့တဲ့နှလုံးသားရှိခဲ့ရင်
ကောင်မလေးအတွက်
ကိုယ့်ရဲ့ အလွမ်းကဗျာတွေကို
သူတို့တွေကပါခံစားပေးကြမှာပါ ကမ္ဘာကျော်ကဗျာသံစဉ်တွေထက်
ချိုသာတဲ့မင်းရဲ့ စကားသံလေးက
သင်္ချိုင်းတစ်ခုလိုခမ်းနားမှု့ မရှိတဲ့
ကိုယ်နှလုံးသားဝိဥာဉ်မှာတော့
ရသ မြောက်သံစဉ်တစ်ပုဒ်ပါ။