Monday 19 September 2011

မိုး....သို့


မိုး.......ကောင်းကင်မှာ

မိုး.......သားတွေတက်လာရင်

မိုး.......တိမ်တွေကိုကြည့်ရင်း

မိုး.......နဲ့အမြန်ဆုံး ဆုံတွေ့ရပါစေလို့

မိုး......နဲ့ကိုယ့်အတွက်တိုင်တည်မိတယ်

မိုး.......ကောင်းကင်ရဲ့ရင်ခွင်မှာ

မိုး........အတွက်တိုင်တည်မှုတွေကို

မိုး........တိုးတိုးလေးမေးကြည့်ပါ

မိုး.......ကိုဖြေပေးကြလိမ့်မယ်

မိုး.......မရှိတဲ့အရပ်မှာ

မိုး.......တွေသည်းပြီဆိုရင်

မိုး.......ကိုအရမ်းလွမ်းတယ်တဲ့၊၊


                                        အိမ်မက်ငိုတဲ့နွေ 

Saturday 3 September 2011

မင်းအတွက် ၂


ချစ်သူ…..

ကိုယ့်ရင်ထဲကို…မင်း

ခဏလေးဝင်ကြည့်လှည့်ပါ…

မင်းအချစ်ထက်လျော့ကျတဲ့

ချစ်ခြင်းကို မင်းတွေ့ခဲ့ရင်

အဲဒီနေရာမှာပဲ ကိုယ့်နှလုံးသားကို

မင်း..အဆုံးစီရင်လိုက်ပါ….ချစ်သူ..

အဲဒီအတွက် ကိုယ့်နှလုံးသားကို

ယစ်စင်တင်..စတေးဖို့   အသင့်ပါပဲ….

အလွမ်းသင့်ခံခဲ့ရတဲ့….

အတိတ်ရက်စွဲတွေကတော့…ပြုံးနေမှာပါ….။